27 February, 2012

လွမ်းလို့

လွမ်းလို့ လွမ်းတာပေါ့
မင်း မသိနိုင်ပေမယ့်
ငါ့ကိုယ်ငါ နားလည်ခဲ့ရပြီ
တွယ်ငြိမှုရဲ့ သိပ်သည်းဆတွေ
အုံဖွဲ့ များပြားလာပြီ ဆိုတာ...။

လွမ်းလို့ လွမ်းတာပေါ့
ရှင်းပြလို့ မရနိုင်တဲ့
တစ်စုံတစ်ရာ
နှလုံးသားမှာ လစ်ဟာနေသလို...။

လွမ်းလို့ လွမ်းတာပေါ့
သက်သေပြချက် မတောင်းပါနဲ့၊
အလွမ်းကို သင်္ချာလို တွက်လို့မရနိုင်ဘူး
ထပ်တူညီတဲ့ နှလုံးသားနဲ့မှ
နားလည်နိုင်မယ့် အရာ။

လွမ်းလို့ လွမ်းတာပေါ့
ဒါလောက်ပါပဲ
အကြောင်းပြချက် မပေးနိုင်ဘူး၊
ဘာမှ ဆက်ပြီးလည်း ဝန်ခံစရာ မရှိဘူး၊
လွမ်းရတဲ့ အရသာကို ကြိုက်လို့
လွမ်းတယ်...။
လွမ်းရတဲ့ အရသာကို ခါးသီး သွားချိန်မှာလည်း
လွမ်းနေရတုန်းပဲ...။

သိင်္ဂါကျော်
 

12 comments:

မောင်သီဟ said...

ကျွန်တော်လည်း လွမ်းတတ်လွန်းသူပါ
ကဗျာလေးဖတ်ရင်း လွမ်းသွားရတယ်



မောင်ဘကြိုင်

အလွမ်းသင့်နေသူ said...

ချစ်ရတာထက် လွမ်းရတာ ပိုအဓိပ္ပါယ်ရှိသလိုပဲနော် :)

စံပယ်ချို said...

ချစ်တတ်လွမ်းတတ်သူတွေအတွက်
ဘာမှ အကြောင်းပြချက်မရှိပါဘူးရှင်
ချစ်လို့ကို လာဖတ်တယ်
လူကိုရော ကဗျာကိုပါချစ်တဲ့
jasmine

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးဖတ်ပြီး လွမ်းသွားပါတယ်

မြသွေးနီ said...

အလွမ်းကဗျာက လွမ်းစရာလေး...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

လွမ်းရတဲ့ ကဗျာလေး..

ချစ်စံအိမ် said...

လွမ်းရတာလမင်းလည်းကြိုက်တယ်

ထော်ဦး said...

အမကျော်ရေ...
လွမ်းလွမ်းလေးပဲ ကောင်းပါတယ်
များများလေးပဲ လွမ်းချင်တယ်
လို့ ပြောကြားပါရစေနော်...
ထော်ဦး

kokoseinygn said...

တကယ်တော့
လွမ်းတယ်ဆိုတာ
လွမ်းဖူးမှဘယ်လိုဆိုတာ
သိရှိခံစားရတာပါ။
စာသားတိုင်းအားပေးလျှက်

အဖြူရောင်နတ်သမီး said...

လွမ်းလို့ လာဖတ်သွားတယ်ချစ်မရေ..

jr said...

လွမ်းနေရတာကိုကပဲ လွမ်းစရာ... :)

မိုးဇက် said...

လွမ်းတတ်သူရဲ့ စိတ်ကိုလွမ်းဖျားသွားအောင် ဟောဒီလွမ်းကဗျာက
သိပ်ကို ညို့လွန်းတယ် ........း)

မိုက်တယ်ဗျာ
ကဗျာလေးက